လှိုင်သာယာ အလုပ်သမားများ ဆန္ဒပြပွဲ(၉)ရက်နေ့ည VOA သတင်း အသံဖိုင်နှင့် တောင်းဆိုချက်(၁၀)ချက်......

မနက်ဖြန် သူတို့တောင်းဆိုထားတဲ့ အချက်တွေ မရရင် ဆက်ပြီး ဆန္ဒပြ တောင်းဆိုသွားကြမယ်လို့ သိရပါတယ်။ (VOA သတင်းဋ္ဌာနမှ)
HTY
HTY2
ကြေငြာချက်ပေးပို့လာသူ ဖြိုးဝေအားကျေးဇူးတင်ပါသည်။

ဆက်လက်ဖတ်ရှုရန် ...

ကြပ်ပြေးနေပြည်တော်က ဆောက်လက်စ ပါလီမာန် အဆောက်အဦးပုံနှင့် လက်တွေ့ပြည်သူတွေဘဝ...

PLM BL

ကြပ်ပြေးနေပြည်တော်က ဆောက်လက်စ ပါလီမာန်အဆောက်အဦးပုံဆိုပြီး ပေးပို့လာပါတယ်။ တကယ်ရော ပါလီမာန်ဆိုတာ ပေါ်ပေါက်လာမှာလား။ ဘောင်းဘီချွတ် စစ်ဗိုလ်တွေ၊ ကြံ့ဖွတ်တွေနဲ့ သာကူးတွေ၊ ခေတ်ပျက် သူဋ္ဌေးတွေ၊ နိုင်ငံရေးဇာတ်ပျက်တွေချည်းပဲ အသွင်ပြောင်းပြီး ထိုင်ခုံနေရာလုနေမယ့် ကဇာတ်ရုံပဲလား။ (၇၅)ရာခိုင်နှုန်းရလည်း မနည်းဘူးဆိုပြီး ကြံဖန်စိတ်ကူးယဉ်နေတဲ့ နိုင်ငံရေး ပရောဟိတ်တွေရဲ့ စိတ်ကူးယဉ် နန်းတော်ကြီးပဲလားဆိုတာတော့ မကြာခင်အဖြေပေါ်လာတော့မှာပါ။

ပြည်သူတွေမှာတော့ ရေမရ၊ မီးမရ စီးပွားရေးကြပ်တည်းမှုတွေ နဲ့နေ့စဉ် ရင်ဆိုင်ဖြေရှင်းနေရတဲ့ အချိန်မှာ မြန်မာပြည်ရဲ့ သယံဇာတတွေ ပြည်သူပိုင်ငွေတွေကို စာရင်းမရှိ အင်းမရှိပဲ ထင်တိုင်းကြဲသုံးစွဲနေတာပါ။ ဒီအဆောက်အဦးရဲ့ ကန်ထရိုက်တွေ လုပ်ပိုင်ခွင့်ရကြတဲ့ သူတွေကတော့ အားလုံးသိကြတဲ့ အတိုင်း စစ်အာဏာရှင်တွေရဲ့ ဆွေမျိုးသားသမီးတွေနဲ့ ကပ်ဖားရပ်ဖား စီပွားရေးလုပ်ငန်းရှင်တွေပါပဲ။ ဦးအောင်ဆန်းဦး ရဲ့ ဇနီးဒေါ်လဲ့လဲ့နွယ်သိန်းနဲ့ အမျိုးတွေကလည်း နောက်ကျကျန်ခဲ့မှာစိုးလို့ အူယားဖားယား ယောင်္ကျားကို လူမိုက်ငှားပြီး ကြပ်ပြေးနေပြည်တော် တည်ဆောက်ရေးလုပ်ငန်းတွေမှာ ကန်ထရိုက် လုပ်ငန်းတွေရယူနေပါတယ်။ တိုင်းပြည်ကထွက်တဲ့ သဘာဝဓာတ်ငွေ့ကိုတော့ တိုင်းတပါးကို ရောင်းစားပြီး ပြည်သူတွေကတော့ အမှောင်ထဲမှာ ငုတ်တုတ်ထိုင်နေရတာပါ။




















နယ်စပ်ဒေသက ပြည်သူတွေနဲ့ မြန်မာပြည် အနှံ့အပြားမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ မျက်နှာကို မထောက်ပဲ စစ်ကျွန်အဖြစ် ဝင်အရွေးခံ မည့်သူများ တချိန်မှာ သမိုင်းတရားခံအဖြစ် ပြည်သူတွေရဲ့ ဒဏ်ခတ်တာကိုခံရမှာ မလွဲမသွေ ခံရမှာ ဖြစ်ပါကြောင်း.....

ဆက်လက်ဖတ်ရှုရန် ...

စစ်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) အသက်မဝင်ရေး အားလုံးကာကွယ်တားဆီးပေး....

2010 Pamphlet 02

အမြဲ ပေးပို့လာသူ ကိုစိုင်းအားကျေးဇူးတင်ပါသည်။

ဆက်လက်ဖတ်ရှုရန် ...

(၂၀၀၈)ဖွဲ့စည်းပုံအခြေခံမှာပါတဲ့ အန္တရာယ်အချက်(၁၀)ချက်

2010 Pamphlet 01

ဆက်လက်ဖတ်ရှုရန် ...

မြန်မာနိုင်ငံ အလုပ်သမား လယ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ် ရဲ့ ကြေညာချက်..

wfslb
မြန်မာနိုင်ငံ အလုပ်သမား လယ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ်
အလုပ်သမားသပိတ်တိုက်ပွဲများ ပူးပေါင်းဆင်နွှဲကြ

စာအမှတ်။ ။ ၁/၂၀၁၀ (WFSLB)
ရက်စွဲ ။ ။ ၉ - ၁ - ၂၀၁၀

(၁) ယနေ့ တိုင်းပြည်၏ ဘက်ပေါင်းစုံ စီးပွားရေးအကြပ်အတည်းကြောင့် ပြည်သူလူထုတရပ်လုံး ဆင်းရဲဒုက္ခပေါင်းစုံကို ခါးစည်း
ခံနေကြရပါသည်။ ထိုဆင်းရဲဒုက္ခကြောင့် ယခု လှိုင်သာယာ စက်မှုဇုံရှိ တိုင်ရီ ဘိနပ်စက်ရုံနှင့် အိုပယ်ဝမ်းတူး အထည်
ချုပ်စက်ရုံမှ အလုပ် သမားများသည် လစာငွေကို တသောင်းထပ်ဆောင်းပေးရန်၊ လက်ရှိ အလုပ်လုပ်နေရသည့် နံက် (၇)
နာရီခွဲမှ ည ၁၁ နာရီခွဲ အလုပ် ချိန်ကို လျှော့ပေးရန်၊ အလုပ်သမားများ စားသောက်နေထိုင်သည့်နေရာများကို သန့်ရှင်းရေး လုပ်
ပေးရန်တို့ကို တင်ပြ တောင်းဆိုနေကြပါသည်။

(၂) တိုင်ရီ နှင့် အိုပယ် အထည်ချုပ်စက်ရုံများရှိ အလုပ်သမားများ၏ တောင်းဆိုချက်များသည် စက်ရုံ အလုပ်ရုံတိုင်းရှိ အလုပ်
သမားများ လက်တွေ့ခံစားနေကြရသော အခြေအနေမှန်များပင် ဖြစ်ပါသည်။

(၃) မိမိတို့၏အလုပ်သမားများ အပါအ၀င် ပြည်သူတရပ်လုံး ရင်ဆိုင်ခံစားနေကြရသော ဆင်းရဲဒုက္ခများကို တိုင်ရီ နှင့် အိုပယ်
အလုပ်သမားများက မိမိတို့ကိုယ်စား တောင်းဆို တိုက်ပွဲဝင်နေကြခြင်းပင်ဖြစ်သည်။ ထိုသို့ တောင်းဆိုနေမှုများကို နအဖ စစ်အ
စိုးရမှ စက်ရုံတရုံနှစ်ရုံအတွင်း နေရာကွက်ကွက်ကလေးမှာ အကြမ်းဖက် နှိမ်နင်းရန် ပြင်ဆင်နေပါသည်။

(၄) ထို့ကြောင့် မြန်မာနိုင်ငံ စက်ရုံ၊ အလုပ်ရုံ အသီးသီးရှိ အလုပ်သမားများအနေဖြင့် တိုင်ရီနှင့် အိုပယ်စက်ရုံအလုပ်သမားများ၏
အလုပ်သမားအခွင့်အရေးနှင့် စားဝတ်နေရေး တောင်းဆိုချက်များကို ထောက်ခံပြီး၊ မိမိတို့ ဘ၀တူ အလုပ်သမားများ ဖိနှိပ်
ခံရမည့်အရေးမှ ကာကွယ်ရေးအတွက် အောက်ပါအချက်များဖြင့် ပူးပေါင်းပါဝင် တိုက်ပွဲဝင်ကြရန် မြန်မာနိုင်ငံ အလုပ်သမား
အပေါင်းတို့အား နှိုးဆော်လိုက်ရပါသည်။

၁) လုပ်ခတိုးမြှင့်ရရှိရေး တို့အရေး
၂) အလုပ်ချိန်လျော့ချပေးရေး တို့အရေး
၃) အလုပ်သမားလူမှုဖူလုံမှုရရှိရေး တို့အရေး


အဖိနှိပ်ခံ အလုပ်သမား လယ်သမားအပေါင်းတို့ သွေးစည်းညီညွတ်ကြ
မြန်မာနိုင်ငံ အလုပ်သမား လယ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်

ဆက်သွယ်ရန်။ ။ wfslb2009@gmail.com

ဆက်လက်ဖတ်ရှုရန် ...

ဒီပဲယင်းလုပ်ကြံမှု အရေးယူဆောင်ရွက်ရေးကော်မရှင် ဒုတိယအကြိမ် ပဏာမအစီရင်ခံစာ..

2004 Second Preliminary Report (Bur.)

ဆက်လက်ဖတ်ရှုရန် ...

လှိုင်သာယာ အလုပ်သမားများ ဆန္ဒပြနေတာကို နအဖမှ အင်အားသုံးကာ ဖြိုခွဲဖို့ လုပ်နေကြပါတယ်။ အလုပ်သမားတွေဘက်က ပြည်သူတွေ အမြန် ၀ိုင်းရံပေးကြပါ။


မနေ့  နေ့ လည်ကတည်းက ဖြစ်ပွားခဲ့တဲ့ အလုပ်သမားများ ဆန္ဒပြပွဲကို ဒီနေ့ မှာ နအဖရဲချုပ် ခင်ရီ ကိုယ်တိုင်ရောက်ရှိနေပြီး အင်အားသုံး ဖြိုခွဲဖို့  လုပ်နေပါတယ်။

အလုပ်သမားတစ်ထောင်ကျော် ဆန္ဒပြနေတဲ့ စက်ရုံကတော့ ၃/၃၆ မင်းကြီးမဟာမင်းခေါင်လမ်း ၊ ဇုံ ( ၃)၊ လှိုင်သာယာမှာတည်ရှိတဲ့ "မြ ဖက်ရှင် " အထည်ချုပ်စက်ရုံကနေ စတင်တာဖြစ်ပါတယ်။ ဆန္ဒပြရတဲ့ အဓိကအကြောင်းရင်းကတော့ လစာတိုးပေးဖို့  ဖြစ်ပေမယ့် နအလေက်အောက်မှာ အထွေထွေကြပ်တည်းမှုတွေကို ခံစားနေရတာ ကြာလာမှုရဲ့  ပြဿနာဘဲ ဖြစ်ပါတယ်။

ဆန္ဒပြနေတဲ့ အလုပ်သမားတွေရဲ့  တောင်းဆိုချက်မှုတွေကို စက်ရုံက တာဝန်ရှိသူတွေက ပြေလည်အောင် မဖြေရှင်းဘဲ အထက်ကလူတွေကို သတင်းပို့ လိုက်တာကြောင့် ဒီနေ့ မှာ အာဏာရူးတွေရဲ့  လုပ်နေကြ မိုက်ရိုင်းမှုအတိုင်း အကြမ်းဘက်ဖြိုခွဲဖို့  မတရားလုပ်နေကြတာ ဖြစ်ပါတယ်။

အခုအချိန်အထိ ဆက်လက်ဆန္ဒပြနေတဲ့နေရာမှာ စက်မှုဇုံ (၃) ရဲ့  အဓိကနေရာမှာ ဖြစ်ပါတယ်။ ယခုအချိန်မှာ အခြားသော စက်ရုံများမှ အလုပ်သမားများပါ ပါဝင်ဆန္ဒပြလာကြတာမို့  အလုပ်သမားတွေရဲ့  ဆန္ဒပြမှု အင်အားပိုကောင်းလာတာမို့  နအဖဟာ စိုးရိမ်ပြီး အင်အားသုံးဖြိုခွဲဖို့  လုပ်လာတာ ဖြစ်ပါတယ်။

အလုပ်သမားဆန္ဒပြပွဲမှာ အခုပါဝင်လာကြတဲ့ အခြားစက်ရုံများကတော့ yes အထည်ချုပ်စက်ရုံ၊ သကြားလုံးနှင့် အခြားလူသုံးကုန်များ စက်ရုံ၊ “အိုဘယ်” အထည်ချုပ်စက်ရုံ၊ စက်ကရိယာပစ္စည်းစက်ရုံ၊ လူသုံးကုန်စက်ရုံ။ သုံးထပ်သားထုတ်လုပ်ရေးစက်ရုံ အစရှိတဲ့ စက်ရုံများက အလုပ်သမားများပါ ဖြစ်ကြောင်း သိရှိရပါတယ်။ ယခုလောလောဆယ်တွင် ဆန္ဒပြသူ အလုပ်သမား နှစ်ထောင် ပတ်ဝန်းကျင်ခန့် ရှိနေကြောင်း သိရှိရပါတယ်။

ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကတော့ လစာကို တသောင်းထပ်ဆောင်းပေးရန်၊ လုပ်ခအချိန် လျှော့ပေးရန်၊ အလုပ်သမားများစားသောက်နေထိုင်သည့် နေရာများသန့်ရှင်းရေး ဆောင်ရွက်ပေးရန်တို့  ဖြစ်ကြောင်း သိရှိရပါတယ်။

ယခုလက်ရှိ ကြားသိရသော သတင်းအရ န၀ဒေး လမ်းဆုံမှာ နအဖလက်ပါးစေ လုံခြုံရေးများ ရောက်ရှိနေတယ်လို့  သိရှိရပါတယ်။ ရဲလုံထိန်းကား (၃၈) စီး၊ မီးသတ် (၄) စီးနဲ့  အချုပ်ကား (၄) စီး ရှိနေကြောင်း သိရှိရပါတယ်။

ဒီလို နအဖလက်ပါးစေတွေရဲ့  ဒီလို အကြမ်းဘက်ရမ်းကားမှုတွေကို ကျွန်တော်တို့  ပြည်သူတွေဖြစ်ကြတဲ့ အလုပ်သမားတွေ တစ်ဘက်သတ် မခံကြရအောင် အမြန်ဆုံး သွားရောက် ၀န်းရံအားဖြည့်ပေးကြပါလို့  အထူးမေတ္တာရပ်ခံလိုပါတယ်။

သတင်းပေးပို့ပေးသူ ကိုနစ်နေမန်းနှင့် ဓာတ်ပုံပေးပို့လာသူ မြတ်လေးငုံတို့အာကျေးဇူးတင်ပါသည်။

ဆက်လက်ဖတ်ရှုရန် ...

သင်လည်းသူရဲကောင်း(လူထုစိန်ဝင်း)


တောင်တက်ဝါသနာကြီးတဲ့ လူတစ်ယောက်ရှိပါတယ်။ တက္ကသိုလ်ကျောင်းသား ဘ၀မှာကတည်းက တောင်တက်အဖွဲ့ တွေနဲ့အတူ တောင်ပေါင်းစုံအောင် လိုက်တက်လေ့ရှိပါတယ်။ ချင်းတောင်တွေလည်း တက်ခဲ့၊ ကချင် တောင်တွေလည်းတက်ခဲ့၊ တော်တော်စုံအောင် တောင်တွေ တက်ခဲ့ဘူးပါတယ်။ ဒါပေမယ့် အခုတော့ သူဘာတောင်မှ မတက်နိုင်တော့ပါဘူး။ တောင်တက်ဖိနပ်တွေနဲ့ ကြိုးခွေတွေကိုတောင် သူများပေးပစ်လိုက်ပြီလို့ ဆိုပါတယ်။ တောင်တက်ရမှာ ကြောက်သွားပြီလို့ သူကပြောပါတယ်။ တစ်ခါမှာ သူ့အဖွဲ့ သားတွေနဲ့ တောင်တစ်တောင် သွားတက်ရင်း သူခြေချော်ပြီးကျပါတယ်။ ခြေထောက်တစ်ဖက် ကျိုးသွားလို့ နှစ်လလောက် ကျောက်ပတ်တီးစည်းပြီး နေလိုက်ရပါတယ်။

အဲဒီကတည်းက တောင်တက်ခြင်းအလုပ်ကို စွန့်လွတ်လိုက်တာလို့ ဆိုပါတယ်။ တောင်တက် ၀ါသနာပျောက်သွားပြီးလားလို့ မေးကြည့်တော့ ၀ါသနာကတော့ မပျောက်သေးပါဘူး။ ကြောက်သွားလို့ပါလို့ဝန်ခံပါတယ်။ သူများတွေ တောင်တက်ခရီး ထွက်ကြတာ တွေ့ကြားရင် စိတ်မချမ်းမသာ ဖြစ်ရလွန်းလို့ တောင်တက်သမား သူငယ်ချင်း အားလုံးကို ရှောင်ကွင်းပြီး နေတယ်လို့လည်းပြောပါတယ်။ စိတ်မချမ်းမသာ ဖြစ်ရတယ်ဆိုတဲ့ သူခံစားချက်ကို စာနာမိပါတယ်။ ကိုယ်တိုင်ကြုံတွေ့ခံစားဖူးသူဖြစ်လို့ တပည့်လေးကို ကရုဏာသက်မိပါတယ်။ ဒါပေမယ့် သူအဖြစ်က စိတ်ညစ်ခံနေသင့်တဲ့ အဖြစ်မဟုတ်ပါဘူး။ သူတောင်ပေါ်က ချော်ကျလို့ ခြေတစ်ဖက် ကျိုးခဲ့ဖူးတာမှန်ပေမယ့် အခု သူ့ခြေထောက်က အကောင်းပကတိပါ။

တက်မယ်ဆိုရင် ဧ၀ရတ်ကိုတောင် တက်နိုင်ပါတယ်။ သူ့စိတ်က ကြောက်နေလိုသာပါ၊ အဲဒီကြောက်စိတ်ကလေးကို မေ့ပစ်လိုက်ရင် သူစိတ်မချမ်းမသာ ဖြစ်နေစရာ မရှိတော့ပါဘူး။ သူငယ်ချင်းတွေ့နဲ့ အတူတောင်တွေ လိုက်တက် နေလို့ဖြစ်ပါတယ်။ ၀ါသနာကို လုံးဝ ပျောက်သွားလို့ မတက်တော့ဘူးဆိုရင်တော့ အထွေအထူး ပြောစရာမရှိပါဘူး၊ သူများတွေ တောင်တက်တယ်ဆိုတဲ့ သတင်းကြားတိုင်း စိတ်မချမ်းမသာ ဖြစ်လို့ချည်း နေရပါတယ်တဲ့လေ။ အဲဒါကြောင့် သူ့ကို ကဗျာလေး တစ်ပုဒ်ပေးပြီး အဖတ်ခိုင်းလိုက်ပါတယ်။ ကဗျာလေးက ဒီလိုပါ။
When Difficulties Arise Hang in there

Difficulties arise in the lives of us all.

What is most important is dealing with

The hard times, coping with the changes,

And getting through to the other side

Where the sun is still shining just for you.

It takes a strong person to deal with

Tough times and difficult choices. But

You are a strong person. It takes courage.

But you possess the inner courage to see you through.

It takes being an active participant in your life.

But you are in the driver’s seat,

And you can determine the direction.

Hang in there…..and take care to see that

You don’t lose sight of the one thing that

Is constant, beautiful, and true.

Everything will be fine- and it will turn out

That way because of the special kind of

Person you are.

So…beginning today and lasting a

Lifetime through – hang in there, and

Don’t be afraid to feel like the morning

Sun is shining….just for you.

Douglas Pagels

Difficulties arise in the lives of us all.

လာမယ့်ဘေး ပြေးတွေ့လိုက်ပါ


အားလုံးရဲ့ ဘ၀တွေမှာ အခက်အခဲတွေ

ပေါ်ထွက်လာစမြဲ၊

အရေးကြီးဆုံးက အကြပ်အတည်းတွေ

ကိုဖြေရှင်းဖို့၊

ပြောင်းလဲ မှုတွေကို ရင်ဆိုင်ဖို့၊

ကိုယ်အတွက် ထွန်းလင်းနေတဲ့ နေမင်း

ရှိရာကို အခက်အခဲတွေ ကျော်ဖြတ်ရောက်ရှိ

သွားဖို့သာဖြစ်တယ်။

ကြမ်းတမ်းတဲ့ ကာလတွေနဲ့ ခက်ခဲတဲ့

ရွေးချယ်စရာတွေကို ရင်ဆိုင်ဖို့၊

ကြံခိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့လိုအပ်တယ်၊

ဒါပေမယ့်သင်ဟာ ကြံ့ခိုင်တဲ့သူ

တစ်ယောက်ပေပဲ။

သတ္တိရှိဖို့လည်း လိုအပ်တယ်၊

ဒါပေမယ့် အားလုံးကို ကျော်ဖြတ်နိုင်ဖို့

သင့်ကိုယ်တွင်းမှာ သတ္တိတွေ ပိုင်ဆိုင်ထားတာပဲ၊

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတတ်သူတစ်ဦး

ဖြစ်ဖို့လည်း လိုအပ်တယ်၊

ဒါပေမယ့် သင်ဟာ မောင်းသူနေရာမှာ ရှိသူပဲ၊

မနက်ဖြန် သင်းသွားလိုရာခရီးကို

လိုသလို မောင်နှင်သွားနိုင်ပေတာပဲ။

အဲဒီနေရာမှာ စွဲမြဲခိုင်မာ ရှိနေပါ၊

အားလုံး အဆင်ပြေသွားမှာပဲဆိုတဲ့၊

တည်မြဲတဲ့ လှပတဲ့ ပြီးတော့ မှန်ကန်

တဲ့ အရာတစ်ခုကို၊

မျက်ခြည်ပြတ်မသွားအောင်သာ ဂရုစိုက်ပါ။

အဲဒီအတိုင်း ဖြစ်လာပါလိမ့်မယ်၊

ဘာကြောင့်လဲဆိုတော့ သင်ဟာ

ထူးခြားတဲ့ လူတစ်ဦးဖြစ်နေလို့ပါ။

ဒါကြောင့်၊ ဒီနေ့ကစပြီး ဆုံးတစ်သက်

တာတိုင်အောင်သာ၊

အဲဒီနေရာမှာ စွဲမြဲခိုင်မာရပ်တည်ပါ၊

ပြီးတော့၊ နံနက်ခင်း နေမင်းကြီးဟာ

သင့်အတွက်သာ ထွန်းလည်းတောက်ပ

နေတာလို့၊

ခံစားကြည့်ဖို့ရာ ရွံ့ကြောက်မနေစေသင့်ပါ။


တောင်တက်ရင် တောင်ပေါ်ကချော်ကျတာဖြစ်မြဲပါ၊စက်ဘီးစီးသင်ရင်း ဒူးမကွဲပြဲတဲ့ သူရယ်လို့ ရှိလို့လား။လူ့လောကမှာ တစ်ခါမှ မရှုံးဖူးတဲ့သူရယ်လို့မရှိပါဘူး။တစ်ခါရှုံးဖူးတာနဲ့လုပ်စရာရှိတာ၊ လုပ်သင့် လုပ်ထိုက်တာကို မလုပ်တော့ဘဲ ငုတ်တုတ်ထိုင်နေရင်တော့ ထာဝရအရှုံးသမားဘ၀မှာနေရမှာ သေချာပါတယ်။ အခက်အခဲတွေ၊ရှုံးနိမ့်ခြင်းတွေဆိုတာလူတိုင်းရင်ဆိုင်ခဲ့ဖူးတာချည်းပါ၊

အခက်အခဲတွေကို ကျော်ဖြတ်၊ ရှုံးနိမ့်ခြင်းတွေကို ရင်ဆိုင်ရင်းနဲ့ လူသားဟာလိုရာပန်းတိုင်ကို ရောက်ခဲ့ကြရတာဖြစ်ပါတယ်။လောကမှာ ဘယ်အရာမှ ခပ်လွယ်လွယ်နဲ့ အချောင်မရပါဘူး။ တန်ရာ တန်းဖိုးပေးရတာချည်းပါ။စိုင်ကော်လို ချုံပေါ် ရောက်တယ်ဆိုတာမျိုး တခါတလေ ရှိတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်အစွမ်း အစမရှိဘဲနဲ့ရောက်နေတဲ့ ချုံပေါ်က လိမ့်မကျအောင် ကြိုးစားရတဲ့ ဒုက္ခ ဘယ်လောက် ကြီးမားတယ်ဆိုတာ သူတို့ကိုယ်တိုင် သိကြပါတယ်။ ဘေးကနေကြည့်နေရတာတောင်မှ တော်တော်ရယ်စရာလည်းကောင်း၊ သနားစရာလည်း ကောင်းလှပါတယ်။ အတားအဆီး၊ အနှောင့်အယှက်တို့ အန္တရာယ်တို့ဆိုတာ နေရာတိုင်းမှာ ရှိပါတယ်၊ အဲဒီအရာတွေကို ကျော်ဖြတ်သွား နိုင်တဲ့ အစွမ်းအစဆိုတာလည်း လူတိုင်းမှာ ရှိပါတယ်။ ထုတ်မသုံးလို့ အစွမ်းအစတွေ တိမ်မြုပ်နေတာပါ။ ထုတ်သုံးဖို့ ကြိုးစားကြည့်ပါ၊ ထက်မြက်လာပါလိမ်မယ်။

၊ အရေးကြီးတာက ကိုယ့်ကိုယ်တွင်းမှာ အစွမ်းအစတွေ ရှိနေတယ်ဆိုတာ ယုံကြည်စိတ်ချမှု ရှိဖို့သာဖြစ်ပါတယ်။ ကြောက်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိလို့ဖြစ်ပေါ်လာတာပါ။ လောကမှာ ကြောက်စရာအကောင်းဆုံးအရာက အကြောက်တရားဖြစ်တယ်ဆိုတဲ့ စကားရှိပါတယ်၊ အကြောက်တရားက သင့်ကို ထာဝရအရှုံးသမား ဖြစ်နေစေလိမ်မယ်။ ကိုယ်ကိုကိုယ် ယုံကြည်ပါ၊ သင့်ကိုယ်တွင်းမှာ မမြင်နိုင်တဲ့ အစွမ်းအစတွေ၊ သတ္တိတွေရှိ နေပါတယ်။ လာမယ့်ဘေးပြေးတွေ့လိုက်စမ်းပါ…….


(ပုံလူထုစိန်ဝင်း)

၎င်းဆောင်းပါးသည်2002 ခုနှစ်က ထုတ်တဲ့ အတွေးအမြင်စာအုပ်ကနေ ရိုက်နှိပ်ပြီး ဖေါ်ပြခြင်းဖြစ်ပါသည်။

ဆရာကြီးလူထုစိန်ဝင်းရဲ့ စာကို ဖတ်ရှုပြီး အတွေးအမြင်တွေနဲ့ အားတက်မှုတွေ ခံစားရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နေရာတိုင်းမှာ အကြောက်တရားတွေနဲ့ လွှမ်းမိုးအုပ်ချုပ်တာကို ခံနေရပါတယ်။ အကြောက်တရားဆိုတာ ကူးဆက်ရောဂါတမျိုးလိုပါပဲ။ သားစဉ်မြေးဆက် အကြောက်တရားဟာ ပါသွားနိုင်ပါတယ်....။ ဒီမျိုးဆက်သစ်မှာမှ အကြောက်တရားကို အပြတ်မဖျက်နိုင်ရင် နောက်မျိုးဆက်သစ်တွေ အတွက်ရင်လေးစရာပါ။ "ငါတို့၏ဦးခေါင်းသည် သွေးတို့ဖြင့်ချင်းချင်းနီ၏ သို့သော်ညွတ်ကားမညွတ်ဆိုတဲ့ ဗိုလ်ချုပ်ပြောတဲ့ စကားအတိုင်း" လာမယ့်ဘေးပြေးတွေ့ပြီး ပြိုင်တူတွန်းရင်တော့ ရွေ့နိုင်ပါတယ်။ မဟုတ်ရင်တော့ ဆရာအောင်သင်းရဲ့ပြောစကားလို တို့ခေတ်ရောက်မှ ညံ့ရမလား ဆိုတာလို ဖြစ်နေပါလိမ့်မယ်။ အရှုံးထဲက အမြတ်ကိုရှာပြီး ယုံကြည်မှုတွေနဲ့ အားစိုက်ထုတ်လိုက်ရင်တော့ အောင်မြင်မှုဟာ မဝေးတော့တဲ့ လက်တကမ်းကို ရောက်ရှိလာမှာ မလွဲမသွေပါပဲ။

ဆက်လက်ဖတ်ရှုရန် ...

၆၃နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား (ကိုရီးယား) မှတ်တမ်းဓာတ်ပုံများ


၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကိုရီးယားတွင် ကျင်းပ

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကိုရီးယားနိုင်ငံ ပူချွန်း နိုင်ငံခြားသား အလုပ်သမားများ ရိပ်သာ၌ ညီညွှတ်သော မြန်မာတိုင်းရင်းသားများ အစည်းအရုံး (ကိုရီးယား)က ဦးစီး၍ ဖေဖော်ဝါရီလ ၇ ရက် တနင်္ဂနွေနေ့ နေ့လည် ၂ နာရီအချိန်က ကျင်းပကြပါသည်။ ပြည်ထောင်စု အလံတော်အား ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့က လက်ဆင့်ကမ်း သယ်ဆောင်လာပြီးနောက် ညီညွှတ်သော မြန်မာတိုင်းရင်းသားများ အစည်းအရုံး (ကိုရီးယား)၏ အလှည့်ကျ ဥက္ကဌ စိုင်းမောင်မောင်ဝိုင်းက စင်မြင့်ပေါ်သို့ သယ်ဆောင်၍ ငွေဖလား၌ စိုက်ထူပါသည်။ ၄င်းနောက် တက်ရောက်လာကြသော တိုင်းရင်းသားညီအကို မောင်နှမများနှင့်အတူ ပြည်ထောင်စု အလံတော်အား အလေးပြုကြပြီး ကျဆုံးသွားသော အာဇာနည်သူရဲကောင်းအပေါင်းတို့အား အလေးပြုကြပါသည်။
အဖွင့်အမှာစကားကို စိုင်းမောင်မောင်ဝိုင်းက ပြောကြားပြီးနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ ဥက္ကဌ ဦးအောင်မြင့်ဆွေနှင့် မြန်မာအရေး လှုပ်ရှားမှု မြှင့်တင်ရေးကော်မတီ (ကိုရီးယား) ဦးစီးအဖွဲ့ဝင် ဦးဘိုဘိုတို့က ဂုဏ်ပြုစကားများ ပြောကြား၍ မြန်မာအသင်း (ကိုရီးယား) ဥက္ကဌ ဦးခင်မောင်ရင်၊ မြန်မာ့ရေး လှုပ်ရှားမှုအဖွဲ့ (ကိုရီးယား) ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်ဦး၊ ၊ မြန်မာ့ ကလေးသူငယ်များ၏ ပညာရေး ကူညီထောင်ပံ့ရေး ပရိုဂရမ် အကြံပေး ဦးဝင်းမြင့်ဦး၊ ဆောင်နာမ် မြန်မာ လူမှုရေးအသင်း ဥက္ကဌ ဦးသောင်းထွန်း၊ အန်ဆန်း ရှီးဟွာ မြန်မာ လူငယ်အသင်း ဦးအောင်နိုင်ဝင်းတို့က သ၀ဏ်လွှာများ ဖတ်ကြားကြပါသည်။
ဆက်လက်၍ ရခိုင်ရိုးရာ ဆီမီးအက၊ ကရင် ဒုံးယိမ်းအက၊ သျှမ်းရိုးရာ တေးသီချင်းနှင့် အက၊ မွန်ရိုးရာ တေးဂီတ၊ ချင်းရိုးရာ တေးသီချင်း၊ ကချင်ရိုးရာ တေးသီချင်း၊ ရိမ်းဘိုးအဖွဲ့တို့က အဆိုအတီး အကများဖြင့် တင်ဆက်ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စု စိတ်ဓါတ် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးနှင့် စစ်မှန်သော ပြည်ထောင်စု စနစ် ပေါ်ပေါက်ရေး တို့အရေး စသည့် ကြွေးကြော်သံများ ကြွေးကြော်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။

အခမ်းအနားမှူးအဖြစ် ဦးကျော်မိုးလွင်က ဆောင်ရွက်၍ အခမ်းအနားအပြီးတွင် သျှမ်းရိုးရာ ခေါက်ဆွဲဖြင့် တည်ခင်း ဧည့်ခံပါသည်။

လေးစားစွာဖြင့်

http://flyingpeacock.blogspot.com/

ဆက်လက်ဖတ်ရှုရန် ...

အမှန်တရားကိုမြင်နိုင်ပါစေ....

Let Dare to See the Truth

ပေးပို့ပေးသူ ကိုစိုင်းအားကျေးဇူးတင်ပါသည်။

ဆက်လက်ဖတ်ရှုရန် ...

ABMA ဂျာနယ်...

ABMA Journal 07-02-2010[1]

ဆက်လက်ဖတ်ရှုရန် ...

မြန်မာပြည်မှသက်တမ်းလွန်နေသောလေယာဉ် fokker F27(XY-AEQ)

ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျနေဦးမှာမို့ သိပ်တော့မပြောချင်ပါ။ ဒါပေမဲ့လို့ လူ့အသက်တချောင်းရဖို အရေးနတ်ပြည်က အပ်တချောင်းနှင့် လူပြည်ကအပ် တချောင်းထိမှ ရခဲလှတဲ့ လူဘဝမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရပိုင် ပြည်တွင်းလေကြောင်းလိုင်း တခုဖြစ်တဲ့ မြန်မာလေကြောင်းမှ လေယာဉ်တစီးဖြစ်သော Fokker F27 အမျိုးအစား Aircraft Registration:XY-AEQ လေယာဉ်အကြောင်းပါ။

ကျွန်တော်သိပ်မကြာသေးသော ကာလတခုတွင် ကိစ္စတခုဖြင့် ပြည်တွင်း လေကြောင်းလိုင်းတခုကို အသုံးပြုပြီး မြို့ကြီးတမြို့က ပျံသန်းရသော လေယာဉ်ဖြင့် ထွက်ခွါမိပါတယ်။ လေယာဉ်ပေါ်ရောက်ရင်ဖြင့် ကြောက်လိုက်မိသည် ဖြစ်ခြင်းကိုခံစားရပါတယ်။

ဘာကြောင့်လည်းဆိုတော့ လေယာဉ်တစီးလုံးကို မြန်မာစက်မှုဇုံက ဂျစ်ကားဆင်သလို မျိုးဆင်ထားတာ ကိုကြောက်မက်ဘွယ် တွေ့ရပါတယ်..။ ပြီးတော့ ဆေးတွေသုတ်ထားတာကလည်း ကွက်တိကွက်ကျားနဲ့ လေယာဉ်ထဲက လေအေးပေးစနစ်ကလည်း လေပူတွေထွက်လို့ဗျာ ပြောလို့ မကောင်းအောင်ပါပဲ။ လေယာဉ်ပေါ် ခရီးသည်တွေရောက်ပြီး လေယာဉ်ကိုစက်နှိုးလိုက် တယ်ဆိုရင်ပဲ ဖွတ်ချက်ဖွတ်ချက်နဲ့ချောင်းဆိုးသလို ဆီပိတ်သလိုနဲ့ဗျာ။ ဒါနဲ့ပဲလေယာဉ်ကို လေယာဉ်ပြေးလမ်းထိပ်ကို မောင်းယူသွားခဲ့တယ်။ ပြေးလမ်းထိပ်ရောက်လို့ လေယာဉ်လေထဲပျံတက်ဖို့ အတွက်ပါဝါ အကုန်တင်လိုက်တဲ့အချိန်မှာတော့ လေယာဉ်တစင်းလုံး သံစုံတွေထွက်လာတယ်ဗျာ။ နားထောင်လို့တောင် မကောင်းဘူး။ အသံတွေကတော့ သတ္တုပြား အချင်းချင်း ပွတ်တိုက်သံ စတာတို့ပေါ့ စုံနေတာပဲဗျာ။

ကျွန်တော်လည်း ဘုရားကလွဲပြီး အားကိုးစရာမရှိပဲ လေယာဉ်ပျံသန်းချိန် တနာရီနဲ့ ငါးမိနစ်ကိုဘုရား စာတွေ ရွတ်လိုက်ရတာဗျာ။ ကံကောင်းတယ်လို့ ဆိုရမှာပဲ နောက်ဆုံးတော့ ကျွန်တော်ကွင်းကို ပြန်ဆင်းမှ စိတ်ချနိုင်တော့တယ်။ ဘာလည်းဗျာ ဒီလိုသက်တမ်းလွန်နေတဲ့ လေယာဉ်တွေကို လူ(ခရီးသည်) တွေတင်ပြီး ပြည်တွင်းလေကြောင်းလိုင်းမှာ အသုံးပြုနေသေးတာတော့ မကောင်းဘူးဗျာ။

ကျွန်တော်နဲ့အတူစီးလာတဲ့ နိုင်ငံခြားသားလင်မယားဆိုရင် အာမင်အာမင်နဲ့တချိန်လုံးပဲဗျာ။ ဆိုချင်တာကတော့ အသုံးမပြုပါနဲ့လို့ ပြောချင်တာမဟုတ်ပါဘူး သုံးပါ။ ဒါပေမယ့် လူမတင်ပါနဲ့တော့ ချာတာလေယာဉ် အဖြစ် အသုံးပြုလို့ ရတာပဲဗျာ။ ပြီးတော့ ပြောလိုက်သေးတယ်။ ခေတ်မှီလေယာဉ်ကွင်းကြီးတွေ ဆောက်ပေးထားတယ်။ ခေတ်မှီလေယာဉ်တွေ ဝယ်ပေးထားတယ်.. ။ လေယာဉ်ကို ပျက်ကျအောင်မောင်းတဲ့ ပိုင်းလော့တွေကို အရေးယူမယ် တို့ဘာတို့ ညာတို့နဲ့ပေါ့။



မြန်မာလေကြောင်းလိုင်းမှ အာဏာပိုင်များခင်ဗျား ပျက်ကျတဲ့ လေယာဉ်ပျံအဟောင်းတွေက ပစ္စည်းတွေ ဟိုဖြုတ် သည်ဖြုတ်ပြီးတော့ ဒီတ်လွန်နေပြီဖြစ်တဲ့ လေယာဉ်မှာ ဟိုဟာလာတပ် ဒီဟာလာတပ်နဲ့ လေယာဉ်ဟာ လေထဲမှာပျံနေရတာပါ။ ရပ်လို့မရပါဘူး ကားလိုစက်ပျက်လို့ ရပ်ချင်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့လေ။ ဒါကြောင့်မို့ ဒီလေယာဉ်တွေမျိုးကို လူမတင်ပဲ ပစ္စည်းတင်တဲ့ လေယာဉ်အဖြစ်သာ အသုံးပြုပါတော့လို့ တောင်းဆို လိုက်ပါရစေခင်ဗျား။

ကိုဟီးရိုးနိုင်အား ကျေးဇူးတင်ရှိပါသည်။
ပြန်လည်မျှဝေပေးတဲ့ ကိုဒေါင်းမာန်ဟုန်အား ကျေးဇူးတင်ပါသည်။

ဆက်လက်ဖတ်ရှုရန် ...

တိုကျိုမှာ ပြုလုပ်တဲ့ ကိုမေတ္တာတို့ အငြိမ့်အဖွဲ့ ဖျော်ဖြေပွဲဓာတ်ပုံမှတ်တမ်း.....


ဓာတ်ပုံများဒီမှာ သွားရောက်ကြည့်ရှူနိုင်ပါသည်။ (Click)

ပေးပို့လာသူ ကိုသန်းဝင်းအားကျေးဇူတင်ပါသည်။

ဆက်လက်ဖတ်ရှုရန် ...

The Voice ဂျာနယ်

The Voice ဂျာနယ်....

ပေးပို့သူ ကိုစိုင်းအားကျေးဇူးတင်ပါသည်။....

ဆက်လက်ဖတ်ရှုရန် ...

Voice Of Burma စာစောင်

VOB748KK

ပေးပို့ပေးသူ ကိုဝင်းအောင်စိန် အားကျေးဇူးတင်ပါသည်။

ဆက်လက်ဖတ်ရှုရန် ...

ဒီမိုဝေယံ

TOP